Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 4:15 - Judson Bible in Zawgyi Version

15 ထို​သို့​ငါ​တို့​သည် သ​တိ​ရ၍၊ ရန်​သူ​အ​ကြံ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို သူ​တို့​ကြား​သိ​သော​အ​ခါ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး လုပ်​ရာ​အ​ရပ် မြို့​ရိုး​သို့​ပြန်​လုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 သူ​တို့​အကြံ​ကို ငါ​တို့​သိ​သွား​ခြင်း​ဖြင့် သူ​တို့​၏​အကြံ​ကို ဘုရားသခင်​ပယ်ဖျက်​လိုက်​ပြီ​ဖြစ်ကြောင်း ရန်သူ​တို့​ကြားသိ​ကြ​၏​။ ငါ​တို့​အားလုံး​လည်း မြို့ရိုး​သို့​ပြန်လာ​၍ အသီးသီး​ကိုယ့်​အလုပ်​ကိုယ်​လုပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:15
13 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။


အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။


နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။


ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။


တိုင်​ပင်​ကြ​လော့။ သင်​တို့​အ​ကြံ​သည် ပျက်​လိမ့်​မည်။ စီ​ရင်​ကြ​လော့။ စီ​ရင်​သည်​အ​တိုင်း မ​တည်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ၏။


ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-


အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-


ပြင်​ပ​လူ​တို့​ရှေ့၌ လျောက်​ပတ်​စွာ​ကျင့်၍ အ​ဘယ်​မျှ မ​လို​ရ​အောင်၊ ငါ​တို့​သည် အ​ထက်​က မှာ​ထား​သည်​နှင့်​အ​ညီ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​အ​မှု​ကို ဆောင်​ရွက်​လျက်၊ ကိုယ်​လက်​နှင့် လုပ်​ဆောင်​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ