Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 3:16 - Judson Bible in Zawgyi Version

16 သူ့​နောက်​မှ ဗက်​ဇု​ရ​မြို့​တစ်​ပိုင်း​ကို​အုပ်​သော အာ​ဇ​ဗုတ်​သား နေ​ဟ​မိ​သည်၊ ဒါ​ဝိဒ်​သင်္ချိုင်း တစ်​ဖက်​တစ်​ချက်​မှ​စ၍၊ နောက်​လုပ်​သော ရေ​ကန်​နှင့် ဗိုလ်​မင်း​အိမ်​တိုင်​အောင် ပြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သူ​၏​ဘေး​တွင် အာဇဗုတ်​၏​သား ဗက်ဇုရ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​နေဟမိ​သည် ဒါဝိဒ်​၏​သင်္ချိုင်း​နှင့်​မျက်နှာချင်းဆိုင်​မှစ၍ တူး​ထား​သော​ရေကန်​အထိ​၊ ထိုမှ စစ်သူရဲ​နေအိမ်​အထိ ပြုပြင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 3:16
18 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဇ​ကိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ ရေ​ကန်​နှင့် ရေ​ပြွန်​ကို​လုပ်၍ မြို့​ထဲ​သို့​ရေ​ကို ဆောင်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။


ရှ​မ္မဲ​သား မော​န၊ မော​န​သား ဗက်​ဇု​ရ​တည်း။


ဗက်​ဇု​ရ​မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊


ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။


စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊


သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟာ​လော​ဟတ်​သား ရှ​လ္လုံ​နှင့် သူ၏​သ​မီး​တို့​သည် ပြင်​ကြ၏။


ဗေ​သ​က္က​ရင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော ရေ​ခပ်​သား​မာ​လ​ခိ​သည်၊ နောက်​ချေး​တံ​ခါး​ကို ပြင်၍ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား၏။


သူ့​နောက်​မှ၊ လေ​ဝိ​အ​မျိုး ဗာ​နိ​သား ရေ​ဟုံ​ပြင်၏။ သူ့​နောက်​မှ၊ ကိ​လ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ဟာ​ရှ​ဘိ​သည် မိ​မိ​တာ​ကို​ပြင်၏။


သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။


သစ်​ပင်​မျိုး​နှင့် ပြည့်​စုံ​သော​တော​ကို ရေ​လောင်း​စ​ရာ​ဖို့ ရေ​ကန်​တို့​ကို​လည်း လုပ်၏။


ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ကိုင်​လျက်၊ စစ်​မှု​စစ်​ရေး၌ လေ့​ကျက်​သော​သူ ဖြစ်​ကြ၏။


ရေ​ကန်​ဟောင်း​မှ ထွက်​သော​ရေ စု​ဝေး​ရာ​ကို​လည်း၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား​တွင် လုပ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဤ​အ​မှု​ကို စီ​ရင်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ကြည့်​မ​မှတ်​တတ်​ကြ။ ရှေး​က​ဖန်​ဆင်း​တော်​မူ​သော​သူ​ကို ပ​မာ​ဏ​မ​ပြု​တတ်​ကြ။


ဒါ​ဝိဒ်၏​မြို့ အ​ပြို​အ​ပျက်​များ​သည်​ကို သင်၏​လူ​တို့​သည် မှတ်​ရ​ကြ​လိမ့်​မည်။ အောက်​ရေ​ကန်​မှ ထွက်​သော​ရေ​ကို စု​ဝေး​စေ​ကြ​လိမ့်​မည်။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​သင်၏​သား ရှာ​ယာ​ရှုပ်​နှင့် အ​တူ​သွား၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ အာ​ခတ်​မင်း​ကို ကြို​ဆို၍​တွေ့​လျှင်၊ ဆင့်​ဆို​ရ​မည်​မှာ၊


ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။-


ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ