Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 3:14 - Judson Bible in Zawgyi Version

14 ဗေ​သ​က္က​ရင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော ရေ​ခပ်​သား​မာ​လ​ခိ​သည်၊ နောက်​ချေး​တံ​ခါး​ကို ပြင်၍ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ဗေသက္ကရင်​နယ်​ကို​အုပ်ချုပ်ရသူ​၊ ရေခပ်​၏​သား​မာလခိယ​သည် နောက်ချေးပုံ​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​တို့​ကို တပ်ဆင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ရေ​ခပ်​၏​သား​ဗေ​သက္က​ရင်​နယ်​ကို​အုပ်​ချုပ်​ရ သူ​မာ​လ​ခိ​ယ​သည် အ​မှိုက်​ပုံ​တံ​ခါး​ကို​ပြန် လည်​တည်​ဆောက်​၍​တံ​ခါး​ရွက်​များ၊ မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 3:14
9 ပူးပေါင်းရင်းမြစ်များ  

ရှော​လု၏​သား၌​ဗာ​နာ​နှင့် ရေ​ခပ်​အ​မည်​ရှိ​သော​သူ​တည်း​ဟူ​သော တပ်​မှူး​နှစ်​ယောက်​ရှိ၏။ သူ​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး ဗေ​ရော​သိ​အ​နွယ် ရိ​မ္မုန်၏​သား​ဖြစ်​ကြ၏။ ဗေ​ရုတ်​မြို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်​အ​ဝင်​ဖြစ်​သော်​လည်း၊


ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊


ထို​အ​ခါ ယု​ဒ​မင်း​တို့​ကို မြို့​ရိုး​ပေါ်​သို့​ငါ​ခေါ်၍၊ ချီး​မွမ်း​ရာ​သီ​ချင်း​ဆို​ရ​သော လူ​စု​ကြီး​နှစ်​စု​ကို ခန့်​ထား၏။ တစ်​စု​ကား လက်​ယာ​ရစ်​လှည့်၍ နောက်​ချေး​တံ​ခါး​သို့ မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​ကြ၏။


ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊


သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။


အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ