Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 2:8 - Judson Bible in Zawgyi Version

8 ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 2:8
18 ပူးပေါင်းရင်းမြစ်များ  

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။


ဒါ​ရိ​မင်း အ​မိန့်​တော်​မ​ရောက်​မီ အ​လုပ်​အ​ကိုင် မ​ပြတ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ယု​ဒ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို ထောက်​ရှု​တော်​မူ၏။ သို့​ဖြစ်၍ အ​ထံ​တော်​သို့​လျှောက်​စာ​ကို ပေး​လိုက်​ကြ၏။


ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။


ထို​မှ​တစ်​ပါး၊ သင်​တို့​သည် ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​နှင့် ကူ​ညီ​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် အ​ဆီး​အ​တား မ​ရှိ​စေ​ခြင်း​ငှာ၊ မြစ်​အ​နောက်​ဘက်၌ ခံ​သော အ​ခွန်​တော်​တည်း​ဟူ​သော ဘ​ဏ္ဍာ​တော်​ထဲ​က အိမ်​တော်​တည်​စ​ရာ​စ​ရိတ်​ကို ချက်​ချင်း ထုတ်​ပေး​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။


ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။


ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​မြို့​မှ​ထွက်၍၊ ပ​ဉ္စ​မ​လ တစ်​ရက်​နေ့​တွင်၊ မိ​မိ​ဘု​ရား​သ​ခင် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။


သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊


ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။


ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။


သစ်​ပင်​မျိုး​နှင့် ပြည့်​စုံ​သော​တော​ကို ရေ​လောင်း​စ​ရာ​ဖို့ ရေ​ကန်​တို့​ကို​လည်း လုပ်၏။


ထို​သို့ တွေ့​မြင်​သ​ဖြင့်၊ သင်​တို့၏​နှ​လုံး​သည် ရွှင်​မြူး၍၊ အ​ရိုး​တို့​သည် စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သန်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ အ​မျက်​တော်​သည် ရန်​သူ​တို့​အား​လည်း​ကောင်း ထင်​ရှား​လိမ့်​မည်။


ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊


သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊-


အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-


ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ