Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 2:13 - Judson Bible in Zawgyi Version

13 ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို​ညအချိန်​တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 2:13
9 ပူးပေါင်းရင်းမြစ်များ  

ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။


သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။


ထို​အ​ခါ ယု​ဒ​မင်း​တို့​ကို မြို့​ရိုး​ပေါ်​သို့​ငါ​ခေါ်၍၊ ချီး​မွမ်း​ရာ​သီ​ချင်း​ဆို​ရ​သော လူ​စု​ကြီး​နှစ်​စု​ကို ခန့်​ထား၏။ တစ်​စု​ကား လက်​ယာ​ရစ်​လှည့်၍ နောက်​ချေး​တံ​ခါး​သို့ မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​ကြ၏။


ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊


တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။


နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊


ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊


မြို့​ရိုး​ပေါ်​သို့​တက်၍ ဖျက်​ဆီး​ကြ​လော့။ ပျက်​စီး​ခြင်း​ကို မ​စဲ​စေ​ကြ​နှင့်။ ခြေ​လက်​တို့​ကို ပယ်​ရှင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား ဆိုင်​တော်​မ​မူ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ