Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:5 - Judson Bible in Zawgyi Version

5 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း၊ တန်​ဆာ​မျိုး​ကို​လည်း​ကောင်း၊ ပ​ညတ်​တော်​အ​တိုင်း လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်​တို့​အား ပေး​ရ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ရ​သော အ​လှူ​တို့​ကို​လည်း​ကောင်း၊ သို​ထား​မြဲ​ရှိ​သော အ​ခန်း​ကြီး​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သူ့​အား အခန်း​ကြီး​တစ်ခန်း​ကို ပေး​ထား​၏​။ ထို​အခန်း​သည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ​၊ နံ့သာပေါင်း​၊ အသုံးအဆောင်​ပစ္စည်း​များ​နှင့်တကွ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​ကို ပညတ်တော်​အတိုင်း​ပေး​ရ​သော ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အတွက် အလှူပစ္စည်း​တို့​ကို သိုထား​သော​အခန်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:5
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဗိ​မာန်​တော်၌ ဘ​ဏ္ဍာ​တိုက်​တို့​ကို ပြင်​ဆင်​စေ​မည်​အ​ကြောင်း၊ ဟေ​ဇ​ကိ​မိန့်​တော်​မူ​သည်​အ​တိုင်း ပြင်​ဆင်၍၊


ဗိ​သု​ကာ​နှင့် လက်​သ​မား​လုပ်​သည်​အ​တွက်၊ ယု​ဒ​ရှင်​ဘု​ရင် ဖျက်​ဆီး​သော အ​ဆောင်​တို့​ကို ပြင်​စ​ရာ​ဖို့ ဆစ်​သော​ကျောက်​များ​နှင့် ထုပ်၊ လျောက်၊ ရ​နယ်​များ​ကို ဝယ်​သည်​အ​တွက် ပေး​ကြ၏။


ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊


အ​ဦး​လုပ်​သော မုန့်​စိမ်း၊ ပူ​ဇော်​သ​ကာ၊ သစ်​သီး​အ​မျိုး​မျိုး၊ စ​ပျစ်​ရည်၊ ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​အ​ခန်း​သို့​လည်း​ကောင်း၊ လယ်​လုပ်​သော မြို့​ရွာ​ရှိ​သ​မျှ​တို့၌ မြေ​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိ​သား​တို့​ထံ​သို့​လည်း​ကောင်း၊ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း စီ​ရင်​ထုံး​ဖွဲ့​ကြ၏။


လေ​ဝိ​သား​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​သော​အ​ခါ၊ အာ​ရုန်​အ​မျိုး ယဇ်​ပု​ရော​ဟိတ်​ရှိ​ရ​မည်။ လေ​ဝိ​သား​တို့​သည်​လည်း ဆယ်​ဖို့​တစ်​ဖို့​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို နုတ်​ယူ၍ ဗိ​မာန်​တော်​အ​ခန်း ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ရ​ကြ​မည်။


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။


ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဧ​လျာ​ရှိပ်​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တံ​တိုင်း​ထဲ​မှာ အ​ခန်း​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၍ ဒု​စ​ရိုက်​ပြု​ကြောင်း​ကို ငါ​ကြား​သိ​ရ၏။


မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ