Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:28 - Judson Bible in Zawgyi Version

28 ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ထို့ပြင် ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​မြေး ယောယဒ​၏​သား​တစ်​ယောက်​သည် ဟောရနိ​လူမျိုး သမ္ဘာလတ်​၏​သမက်​ဖြစ်​သောကြောင့် သူ့​ကို ငါ​နှင်ထုတ်​ပစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:28
14 ပူးပေါင်းရင်းမြစ်များ  

မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိတ်​သတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။


ယော​ရှု​သား ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​သား ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၊


ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်၊ ယာ​ဒွါ​တို့ လက်​ထက်၌ လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို​လည်း​ကောင်း၊ ပေ​ရ​လိ​မင်း ဒါ​ရိ​လက်​ထက်​တိုင်​အောင် ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ မှတ်​သား​သော​စာ​ရင်း ရှိ၏။


သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။


ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သည်၊ မိ​မိ​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​တို့​နှင့်​တ​ကွ ထ၍၊ သိုး​တံ​ခါး​ကို ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ မေ​အာ​ပြ​အိုး​မှ ဟာ​န​နေ​လ​ပြ​အိုး တိုင်​အောင် ပြင်​ကြ၏။


ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊


ဆိုး​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏​မြို့​တော်​မှ ပယ်​ဖြတ်​မည်​အ​ကြောင်း၊ မ​တ​ရား​သော ပြည်​သား​ရှိ​သ​မျှ​တို့​ကို စော​စော​ဖျက်​ဆီး​လေ​အံ့​သ​တည်း။


ပ​ညာ​ရှိ​သော​ရှင်​ဘု​ရင်​သည် လူ​ဆိုး​တို့​ကို ကွဲ​ပြား​စေ၍၊ ဘီး​နှင့်​ဖိ​တတ်၏။


တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​သည် မ​ကောင်း​သော​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို မျက်​စိ​တော်​နှင့် ပယ်​ရှင်း​တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ