Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:16 - Judson Bible in Zawgyi Version

16 ထို​အ​ရပ်၌​နေ​သော တု​ရု​မြို့​သား​တို့​သည်​လည်း၊ ငါး​အ​စ​ရှိ​သည်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဥ​ပုသ်​နေ့၌ ယု​ဒ​အ​မျိုး​သား​တို့​အား ရောင်း​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​တိုင်ရာ​မြို့သား​တို့​သည်​လည်း ငါး​နှင့်​ကုန်စည်​အမျိုးမျိုး​ကို​ယူဆောင်​လာ​၍ ဥပုသ်နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ ယုဒ​လူ​တို့​အား ရောင်းချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:16
5 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။


ထို​အ​ခါ ငါ​က၊ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ဖျက်၍ ပြု​သော​ဒု​စ​ရိုက်​ကား အ​ဘယ်​သို့​နည်း။


သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။


ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။


သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​အ​စ​ရှိ​သော သင်၏​တိ​ရ​စ္ဆာန်၊ သင်၏​တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ သင်​သည် ငြိမ်​ဝပ်​စွာ​နေ​သ​ကဲ့​သို့၊ သင်၏​ကျွန်​ယောက်ျား မိန်း​မ​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ