နေဟမိ 13:12 - Judson Bible in Zawgyi Version12 ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့အလှူဖြစ် သည့်ဆန်စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီကို ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများသို့ယူ ဆောင်လာကြလေသည်။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သကာ၊ အဦးသီးသောအသီး၊ ဆယ်ဖို့တစ်ဖို့ကို မြို့နယ်ကျေးလက်ထဲက သိမ်းယူ၍၊ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြူတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။