နေဟမိ 13:10 - Judson Bible in Zawgyi Version10 အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည်တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြသည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 လေဝိအမျိုးတို့၏ဝေစုကို မပေးကြသဖြင့် အမှုတော်ထမ်းသောလေဝိအမျိုးနှင့်သီချင်းသည်တို့သည် မိမိတို့လယ်ယာမြေအသီးသီးသို့ ပြန်သွားကြရသည်ကိုလည်း ငါသိရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 လေဝိအနွယ်ဝင်များနှင့်ဗိမာန်တော်ဂီတ ပညာသည်များသည်ရိက္ခာအလုံအလောက် မရကြသဖြင့် မိမိတို့၏လယ်ယာများရှိ ရာသို့ပြန်သွားကြကြောင်းကိုငါကြား သိရ၏။- အခန်းကိုကြည့်ပါ။ |
အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကို ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်အခန်းသို့လည်းကောင်း၊ လယ်လုပ်သော မြို့ရွာရှိသမျှတို့၌ မြေအသီးအနှံ ဆယ်ဖို့တစ်ဖို့ကို လေဝိသားတို့ထံသို့လည်းကောင်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရောဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။