Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:8 - Judson Bible in Zawgyi Version

8 လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 လေဝိ​အမျိုး​များ​တွင် ယေရွှာ​၊ ဗိနွိ​၊ ကပ်မျေလ​၊ ရှေရဘိ​၊ ယုဒ​၊ မတ္တနိ​တို့ ဖြစ်​ကြ​၏​။ မတ္တနိ​သည် မိမိ​ညီအစ်ကို​များ​နှင့်အတူ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ဦးဆောင်​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း ရာ​ဓမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:8
12 ပူးပေါင်းရင်းမြစ်များ  

သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။


လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒ​ဝိ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊


ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။


အာ​သပ်၊ ဇာ​ဗ​ဒိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​မှာ အ​ကြီး​လုပ်​သော​သူ ဖြစ်၏။ ဗာ​က​ဗု​ကိ​သည် အ​ပေါင်း​အ​ဖော်​တို့​တွင် ဒု​တိ​ယ​သူ​ဖြစ်၏။ ထို​မှ​တစ်​ပါး၊ ယေ​ဒု​သုန်၊ ဂ​လာ​လ၊ ရှ​မွာ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​ရှိ၏။


မိ​က္ခာ၊ မဿ​နိ၊ ဟာ​ရှ​ဘိ၊ ဗာ​နိ​တို့​မှ ဆင်း​သက်​သော ဩ​ဇိ​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ​သော လေ​ဝိ​သား​တို့​ကို အုပ်​ရ၏။ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​ကို ကြည့်​ရှု​စီ​ရင် ရ​ကြ၏။


လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။


သ​လ္လု၊ အာ​မောက်၊ ဟိ​လ​ခိ၊ ယေ​ဒါ​ယ​တည်း​ဟူ​သော ယော​ရှု​လက်​ထက်၌ အ​မျိုး​သား​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​တွင် အ​ကြီး​အ​ကဲ ဖြစ်​ကြ၏။


သူ​တို့​ညီ​အစ်​ကို ဗာ​က​ဗု​ကိ​နှင့် ဥ​နိ​တို့​သည် ကင်း​စောင့်​အ​မှု​ကို အုပ်​ရ​ကြ၏။


လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒေ​ဝ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊


လေ​ဗ​န​အ​မျိုး​သား၊ ဟာ​ဂ​ဗ​အ​မျိုး​သား၊ ရှာ​လ​မဲ အ​မျိုး​သား၊


ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ