Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:47 - Judson Bible in Zawgyi Version

47 ဇေ​ရု​ဗ​ဗေ​လ​နှင့် နေ​ဟ​မိ​လက်​ထက်၌​လည်း၊ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း သီ​ချင်း​သည်၊ တံ​ခါး​စောင့်​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​အား သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း လှူ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 ဇေရုဗဗေလ​နှင့် နေဟမိ​တို့​ခေတ်​တွင်​လည်း အစ္စရေး​လူ​အပေါင်း​တို့​သည် သီချင်းသည်​များ​နှင့် တံခါးစောင့်​များ​အတွက် နေ့စဉ်​လိုအပ်​သည်​များ​ကို ပေးလှူ​ကြ​၏​။ လေဝိ​အမျိုး​တို့​အတွက်​လည်း သီးသန့်​ပေးလှူ​ကြ​၏​။ လေဝိ​အမျိုး​တို့​သည်​လည်း အာရုန်​သားမြေး​တို့​အတွက် သီးသန့်​ပေးလှူ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

47 ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက် ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့် အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့ စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည် သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့် ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:47
14 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင်​ပြီး၏။


မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊


ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊


အ​ကြောင်း​မူ​ကား၊ သီ​ချင်း​သည်​တို့​သည် နေ့​ရက် အ​စဉ်​အ​တိုင်း စား​စ​ရာ​ရိ​က္ခာ​ကို ခံ​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ၏။


ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊


ယော​ယ​ကိမ် လက်​ထက်၌ အ​ဆွေ​အ​မျိုး​သူ​ကြီး ယဇ်​ပု​ရော​ဟိတ်​များ​ဟူ​မူ​ကား၊ စ​ရာ​ယ​သား မေ​ရာ​ယ၊ ယေ​ရ​မိ​သား ဟာ​န​နိ၊


ထို​သူ​တို့​သည် ယော​ဇ​ဒက်​သား ယော​ရှု၏​သား ယော​ယ​ကိမ်​လက်​ထက်၊ မြို့​ဝန်​နေ​ဟ​မိ​လက်​ထက်၊ ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​လက်​ထက်၌ ရှိ​ကြ၏။


နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-


သူ၏​အ​မွေ​ကို​ရောင်း၍​ရ​သော ဥ​စ္စာ​မှ​တစ်​ပါး၊ လေ​ဝိ​သား​များ​တို့​နှင့်​အ​တူ အ​ညီ​အ​မျှ​ခံ​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ