Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:31 - Judson Bible in Zawgyi Version

31 ထို​အ​ခါ ယု​ဒ​မင်း​တို့​ကို မြို့​ရိုး​ပေါ်​သို့​ငါ​ခေါ်၍၊ ချီး​မွမ်း​ရာ​သီ​ချင်း​ဆို​ရ​သော လူ​စု​ကြီး​နှစ်​စု​ကို ခန့်​ထား၏။ တစ်​စု​ကား လက်​ယာ​ရစ်​လှည့်၍ နောက်​ချေး​တံ​ခါး​သို့ မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 ထို့နောက် ငါ​သည် ယုဒ​အကြီးအကဲ​တို့​ကို မြို့ရိုး​ပေါ်​သို့ တက်သွား​စေ​၏​။ ကျေးဇူးတော်​ချီးမွမ်း​မည့်​သံစုံသီချင်း​အဖွဲ့ကြီး​ကို​လည်း နှစ်​ဖွဲ့​ခွဲ​ထား​၍ တစ်ဖွဲ့​ကို နောက်ချေးပုံ​တံခါး​ဘက်​သို့​ဦးတည်​၍ မြို့ရိုး​ပေါ်​တွင် လက်ယာရစ်​စီတန်း​သွား​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည် ၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့ ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ် လှည့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:31
8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊


တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊


သူ​တို့​နောက်​မှာ ဟော​ရှာ​ယ​နှင့် ယု​ဒ​မင်း​တစ်​ဝက်၊


သီ​ချင်း​သည် တစ်​စု​ကား၊ လက်​ဝဲ​ဘက်​သို့​လှည့်၍၊ ငါ​နှင့်​တစ်​ဝက်​သော လူ​များ​တို့​သည် မြို့​ရိုး​ပေါ်၊ မီး​ဖို​ပြ​အိုး​မှ ကျယ်​သော​မြို့​ရိုး​တိုင်​အောင် လိုက်​ကြ၏။


တစ်​ဖန် သီ​ချင်း​သည်​နှစ်​စု​သည် ဘု​ရား​သ​ခင်​အိမ်​တော်​တွင် ရပ်၍၊ တစ်​ဝက်​သော မင်း​အ​ရာ​ရှိ​တို့​သည် ငါ​နှင့်​အ​တူ၊


ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ