Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:24 - Judson Bible in Zawgyi Version

24 လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ဘုရားသခင်​၏​လူ​ဒါဝိဒ် စီရင်ချမှတ်​ထား​သည့်​အတိုင်း လေဝိ​အကြီးအမှူး​များ​ဖြစ်​သော ဟာရှဘိ​၊ ရှေရဘိ​နှင့် ကပ်မျေလ​၏​သား ယေရွှာ​တို့​သည် ညီအစ်ကို​များ​နှင့်​မျက်နှာချင်းဆိုင်​ရပ်​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​သီချင်း​ကို တစ်ဖွဲ့​နှင့်​တစ်ဖွဲ့ အပြန်အလှန် သီဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ် လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင် အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:24
18 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​တော်​ကို​ဆောင်​ရွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လှည့်​အ​တိုင်း ချီး​မွမ်း​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော လေ​ဝိ​သား​များ​ဟူ​မူ​ကား၊


ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။


လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒ​ဝိ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊


အာ​သပ်၊ ဇာ​ဗ​ဒိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​မှာ အ​ကြီး​လုပ်​သော​သူ ဖြစ်၏။ ဗာ​က​ဗု​ကိ​သည် အ​ပေါင်း​အ​ဖော်​တို့​တွင် ဒု​တိ​ယ​သူ​ဖြစ်၏။ ထို​မှ​တစ်​ပါး၊ ယေ​ဒု​သုန်၊ ဂ​လာ​လ၊ ရှ​မွာ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​ရှိ၏။


ဧ​လျာ​ရှိပ်​သား ယော​ဟ​နန်​လက်​ထက်​တိုင်​အောင် လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို စာ​ရင်း​ယူ၍ ရာ​ဇ​ဝင်​မှတ်​စာ၌ သွင်း​သ​တည်း။


သူ၏​ညီ ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ၊ ဟာ​န​နိ​တို့​သည် ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်၏​တူ​ရိ​ယာ​မျိုး​ကို ကိုင်​လျက်​လိုက်​ကြ၏။ ကျမ်း​တတ်​ဆ​ရာ ဧ​ဇ​ရ​သည် သူ​တို့​ရှေ့​မှာ သွား၏။


ယော​ရှု၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊ ယာ​မိန်၊ အ​က္ကုပ်၊ ရှ​ဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်၊ ပေ​လာ​ယ​အ​စ​ရှိ​သော လေ​ဝိ​သား​တို့​သည်​လည်း လူ​များ​တို့​အား ပ​ည​တ္တိ​ကျမ်း​စာ​အ​နက်​ကို ပြန်​ကြား​ကြ၏။ လူ​များ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ၌ နေ​ကြ၏။


ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။


ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊


သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ချင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-


ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။


ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ