Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 11:4 - Judson Bible in Zawgyi Version

4 ယု​ဒ​အ​မျိုး၊ ဖာ​ရက်၊ မ​ဟာ​လေ​လ၊ ရှေ​ဖ​တိ၊ အာ​မ​ရိ၊ ဇာ​ခ​ရိ၊ ဩ​ဇိ​တို့​မှ ဆင်း​သက်​သော အ​သာ​ယ​တစ်​ပါး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဂျေရုဆလင်​မြို့​တွင် ယုဒ​အမျိုးသား​အချို့​နှင့် ဗင်္ယာမိန်​အမျိုးသား​အချို့​တို့ နေထိုင်​ကြ​၏​။ ထို​သူ​တို့​မှာ ယုဒ​အမျိုးသား​တွင် ဖာရက်​သားမြေး​မှ​ဆင်းသက်​လာ​သော​မဟာလေလ​၏​တွတ်​၊ ရှေဖတိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဇာခရိ​၏​မြေး​၊ ဩဇိ​၏​သား​အသာယ​နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ယု​ဒ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဇာ​ခ​ရိ​၏​မြေး၊ သြ​ဇိ​၏​သား​အ​သာ​ယ။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ယု​ဒ​၏​သား​ဖာ​ရက် မှ​ဆင်း​သက်​သူ​အာ​မ​ရိ၊ ရှေ​ဖ​တိ​နှင့်​မ​ဟာ လေ​လ​တို့​ပါ​ဝင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 11:4
7 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ထို​သူ​သည်​မိ​မိ​လက်​ကို​ရုပ်​ပြန်၍ သူ့​အစ်​ကို​ဖွား​သည်​ကို ဝမ်း​ဆွဲ​က၊ သင်​သည် အ​ဘယ်​ကြောင့်​အ​နိုင်​အ​ထက်​ပြု​ရ​သ​နည်း။ အ​နိုင်​အ​ထက်​ပြု​သော​ဤ​အ​မှု​သည် သင်၌​စွဲ​စေ​ဟု​ဆို​လျက် သူ့​ကို​ဖာ​ရက်​အ​မည်​ဖြင့် မှည့်​လေ​၏။


ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊


ရှိ​လော​နိ၊ ဇာ​ခ​ရိ၊ ယော​ယ​ရိပ်၊ အ​ဒါ​ယ၊ ဟ​ဇာ​ယ၊ ကော​လ​ဟော​ဇ၊ ဗာ​ရုတ်​တို့​မှ ဆင်း​သက်​သော မာ​သေ​ယ​တစ်​ပါး​နှင့်​တ​ကွ၊


ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။-


နာ​ရှုန်​အ​ဘ အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​အ​ဘ အာ​ရံ၊ အာ​ရံ​အ​ဘ ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ​အ​ဘ ဖာ​ရက်၊ ဖာ​ရက်​အ​ဘ ယု​ဒ၊-


ဖာ​ရက်၏ သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ဖာ​ရက်​သား ဟေ​ဇ​ရုံ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ