Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 11:24 - Judson Bible in Zawgyi Version

24 ယု​ဒ​အ​မျိုး ဇာ​ရ​အ​နွယ် မေ​ရှ​ဇ​ဗေ​လ​သား ပေ​သ​ဟိ​သည်​လည်း ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​သား​တို့​ကို အုပ်၍ အ​ရေး​တော်​ပိုင်​မင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ယုဒ​၏​သား ဇေရ​သားမြေး​မှ ဆင်းသက်​လာ​သော​မေရှဇဗေလ​၏​သား ပေသဟိ​သည် ပြည်သူပြည်သား​တို့​၏​အမှုကိစ္စ​အားလုံး​ကို စီမံ​ရ​သော ရှင်ဘုရင်​၏​လက်ရုံး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 11:24
8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ လက်၌​ကြိုး​နီ​စည်း​သော​ညီ​ဖွား၍၊ သူ့​ကို​ဇာ​ရ​အ​မည်​ဖြင့် မှည့်​သ​တည်း။


ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။


ယော​ယ​ဒ၏​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။ ဒါ​ဝိဒ်၏​သား​တော်​တို့​သည်​လည်း အ​ထံ​တော်၌ မင်း​သား​အ​ရာ​နှင့် နေ​ကြ၏။


အ​ကြောင်း​မူ​ကား၊ လေ​ဝိ​သား​တို့​သည် အာ​ရုန်​သား​တို့၏​လက်​ထောက်​ဖြစ်​သည်​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် တံ​တိုင်း​များ၊ အ​ခန်း​များ၌​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။


မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ ယာ​ဒွါ၊


သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။


ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။


ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ