Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 8:11 - Judson Bible in Zawgyi Version

11 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​လာ၍ ကိုယ်​တော်​နှင့် ဆွေး​နွေး​ငြင်း​ခုံ​သည်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်လာ​၍ ကိုယ်တော်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​ကာ ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 8:11
27 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့်​လူ​များ​တို့​က၊ သောက်​ဖို့​ရေ​ပေး​ပါ​ဟု​ဆို၍ မော​ရှေ​ကို​ရန်​တွေ့​ကြ၏။ မော​ရှေ​က​လည်း၊ ငါ့​ကို အ​ဘယ်​ကြောင့်​ရန်​တွေ့​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း​ဟု​ဆို​လေ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင်​ရှိ​သ​လော၊ မ​ရှိ​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​စုံ​စမ်း၍ ရန်​တွေ့​သော​အ​ကြောင်း​ကြောင့်၊ ထို​အ​ရပ်​ကို မဿာ​နှင့်​မေ​ရိ​ဘ​ဟု သ​မုတ်​သ​တည်း။


မာ​န​ထောင်​လွှား​သော​သူ​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ဝေါ်​ကြ၏။ အ​ကယ်​စင်​စစ် ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် အောင်​တတ်​ကြ၏။ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​ကို​စုံ​စမ်း​သော်​လည်း ချမ်း​သာ​ရ​တတ်​ကြ၏​ဟု သင်​တို့​သည် ပြော​ကြ​ပြီ။


ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊-


ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-


ဗိ​မာန်​တော်​သို့ ဝင်​ပြန်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သ​နည်း။ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-


ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​ပြီး​လျှင်၊ ငါ​တို့​သည် သူ၏​စ​ကား​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟု မေး​မြန်း​တိုင်​ပင်​ပြီး​မှ၊-


ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-


ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊-


အ​ကျွန်ုပ်​တို့​သည် ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ ကိုယ်​တော်​သည် ထို​သူ​တို့၏​လျှို့​ဝှက်​ခြင်း​ကို သိ​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက် ကြ​သ​နည်း။ ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ​ကြည့်​ဖို့ ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၍၊-


ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-


ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊-


တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-


အ​ချို့​တို့​သည်​လည်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-


မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။-


ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။-


ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊-


ထို​သူ​အ​ချို့​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ပြု၍၊ မြွေ​ဖြင့် ပျက်​စီး​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု၊ ခ​ရစ်​တော်​ကို မ​စုံ​စမ်း​မ​နှောင့်​ယှက်​ဘဲ​နေ​ကြ​ကုန်​အံ့။-


သင်​သည် မဿာ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စုံ​အ​စမ်း​မ​ပြု​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ