Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 6:52 - Judson Bible in Zawgyi Version

52 အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

52 အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

52 အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 6:52
9 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​မှ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် လွှဲ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ခိုင်​မာ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက်၊ အ​မွေ​တော်​ဖြစ်​သော အ​နွယ်​တို့​အ​တွက် ပြန်​လာ​တော်​မူ​ပါ။


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-


ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ဤ​မျှ​လောက် ပ​ညာ​မဲ့​လျက် နေ​သ​လော။ လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့ ဝင်​သ​မျှ​သည် နှ​လုံး​ထဲ​သို့​မ​ဝင်။-


ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-


သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-


သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှာ​သော​အ​ရာ​ကို မ​တွေ့​မ​ရ​ကြ။ ရွေး​ကောက်​တော်​မူ​သော သူ​တို့​သာ တွေ့​ရ​ကြ၏။ ကြွင်း​သော​သူ​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ