Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 2:15 - Judson Bible in Zawgyi Version

15 ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 2:15
8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-


လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-


အ​ခွန်​ခံ​သော​သူ​တို့​နှင့် ဆိုး​သော​သူ​အ​ပေါင်း​တို့​သည် နား​ထောင်​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​သည်​ဖြစ်၍၊-


ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ​ရောဂါတို့ကို​ငြိမ်း​စေ​ခြင်းငှာ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ