Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 16:13 - Judson Bible in Zawgyi Version

13 သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 16:13
9 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​တို့​သည် ယုံ​မှား​ခြင်း​ရှိ​ကြ၏။-


ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။-


ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-


ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ