Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 14:70 - Judson Bible in Zawgyi Version

70 ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

70 သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

70 ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 14:70
8 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။-


နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊-


ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊-


ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။-


သူ​တို့​က၊ ရှိ​ဗော​လက်​ဟူ​သော စ​ကား​ကို ပြော​တော့​ဟု​ဆို​သော်၊ ဧ​ဖ​ရိမ်​လူ​သည် ထို​စ​ကား​ကို ပီ​အောင် မ​ပြော​တတ်​ဘဲ သိ​ဗော​လက်​ဟု ပြော၏။ ထို​သို့​ပြော​သော​သူ​ကို ဖမ်း​ဆီး၍ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်၌ သတ်​ကြ၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား လေး​သောင်း​နှစ်​ထောင်​သေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ