Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 10:26 - Judson Bible in Zawgyi Version

26 ထို​သူ​တို့​သည် သာ၍​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ထိုအခါ တပည့်​တော်​တို့​သည် ပို၍​ပင်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 10:26
9 ပူးပေါင်းရင်းမြစ်များ  

ကု​လား​အုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။


လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။-


အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြား​စေ​တော်​မူ​ပြီ။ အ​သော​သူ​တို့​ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။


လူ​တစ်​ဦး​က​လည်း၊ သ​ခင်၊ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် များ​သ​လော၊ နည်း​သ​လော​ဟု မေး​လျှောက်​လျှင်၊-


ကြား​သော​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။-


ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-


သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ