Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 1:40 - Judson Bible in Zawgyi Version

40 နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

40 အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

40 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 1:40
20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။


ယွာ​ဘ​ခေါင်း၊ သူ့​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ခေါင်း​ပေါ်​သို့ ရောက်​ပါ​စေ။ ယွာ​ဘ၏​အ​ဆွေ​အ​မျိုး၌ ရိ​နာ​စွဲ​သော​သူ၊ နူ​နာ​စွဲ​သော​သူ၊ ကျော​ကုန်း​သော​သူ၊ ဓား​ဖြင့်​သေ​သော​သူ၊ ငတ်​မွတ်​သော​သူ မ​ပြတ်​စေ​နှင့်​ဟု မြွက်​ဆို၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍ ခြား​နား​သော​နန်း၌ နေ​ရ၏။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်၍ နိုင်​ငံ​တော်​မှု​ကို စီ​ရင်​ရ၏။


ထို​အ​ခါ မြို့​တံ​ခါး​ဝ၌​ထိုင်​လျက်​ရှိ​သော လူ​နူ​လေး​ယောက်​တို့​က၊ ငါ​တို့​သည် သေ​သည်​တိုင်​အောင် အ​ဘယ်​ကြောင့် ဤ​အ​ရပ်၌ ထိုင်​ရ​မည်​နည်း။


အ​မြင့်​သုံး​တောင်​ရှိ​သော ပ​လ္လင်​ကို​လုပ်၍၊ တံ​တိုင်း​အ​လယ်၌​ထား​နှင့်​သော ထို​ပ​လ္လင်​ပေါ်​သို့​တက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​လယ်​မှာ ဒူး​ထောက်၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊


မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-


လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊-


ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။-


လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-


တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊-


ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။


အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခမည်းတော်ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ