Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 1:15 - Judson Bible in Zawgyi Version

15 အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 “အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 1:15
17 ပူးပေါင်းရင်းမြစ်များ  

လက်​နှင့်​မ​ထု​မ​လုပ်​ဘဲ ကျောက်​တစ်​လုံး​သည် တောင်​ပေါ်​က အ​လို​လို​ပဲ့​ကွာ၍၊


ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။


သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-


ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။


ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-


သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၏​အ​နီး​သို့​ရောက်​ကြောင်း​ကို သိ​မှတ်​ကြ​ဟု သူ​တို့​အား​ပြော​ကြ​လော့။-


လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-


ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-


ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သ​ခင်​ယေ​ရှု​ခ​ရစ်ကို ယုံ​ကြည်​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။


လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊-


အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊-


ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။-


ထို​အာ​မ​ခံ​သည် လူ​အ​ပေါင်း​တို့​ကို ရွေး​အံ့​သော​ငှာ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ​ပြီ။ ကာ​လ​အ​ချိန်​တန်​မှ သက်​သေ​ခံ​ခြင်း​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ