မိက္ခာ 4:10 - Judson Bible in Zawgyi Version10 အို ဇိအုန်သတို့သမီး၊ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကိုခံ၍၊ သားကိုဖွားအံ့သောငှာ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရမည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ်လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 အို ဇိအုန်သမီးပျို၊ သားဖွားမိန်းမကဲ့သို့ ဝေဒနာကို အလူးအလိမ့်ခံစားလော့။ အကြောင်းမူကား သင်သည် မြို့မှထွက်၍ ကွင်းပြင်၌နေရလိမ့်မည်။ ထို့နောက် ဘေဘီလုံပြည်သို့ ပါသွားရလိမ့်မည်။ သို့သော် ထာဝရဘုရားသည် ထိုပြည်တွင် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်ကယ်တင်တော်မူမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |