Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မိ​ကၡာ​ 2:5 - Judson Bible in Zawgyi Version

5 ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်​တွင်၊ သင်​တို့ ခံ​စား​ရ​သော​အ​ဖို့​ကို ကြိုး​တန်း​နှင့် တိုင်း​ထွာ​သော​သူ မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို့ကြောင့် ထာဝရဘုရား​၏​လူစု​တော်​တွင် သင့်​အဖို့ နယ်မြေ​မဲချ​ခွဲဝေ​ပေး​မည့်​သူ​တစ်ယောက်​မျှ​ရှိ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိ​ကၡာ​ 2:5
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။


ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒုန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ ဟူ​မူ​ကား၊


ငါ​ပိုင်​ထိုက်​သော နယ်​နိ​မိတ်​သည် သာ​ယာ​သော​အ​ရပ်​တွင်​ကျ၍၊ ကောင်း​မွန်​သော အ​မွေ​ကို ငါ​ခံ​ရ​ပြီ။


ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။


မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊


မျောက်​မ​ထား၍​ရ​သော​သား​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။


သူ​တို့​အ​မျိုး​အ​နွယ်​သည် သုံး​ဆက်​မြောက်​မှ​သာ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​ဖြစ်​ရ​သော အ​ခွင့်​ရှိ၏။


အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။


ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။


သင်​တို့​တွင် အ​မျိုး​တစ်​မျိုး​လျှင် လူ​သုံး​ယောက်​စီ​ရွေး​ကောက်၍ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့​ထ​သွား၍ အ​မွေ​ခံ​သင့်​သည်​အ​တိုင်း ရေး​သား​ပြီး​မှ ငါ့​ထံ​သို့​ပြန်​လာ​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ