မိက္ခာ 1:4 - Judson Bible in Zawgyi Version4 မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွှေ့ရလိမ့်မည်။