Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 4:18 - Judson Bible in Zawgyi Version

18 ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​နြေ္ဒ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် လမ်းလျှောက်​တော်မူ​စဉ် ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ရှိမုန်​ဟု​ခေါ်​သည့်​ပေတရု​နှင့် သူ​၏​ညီ​အနြေ္ဒ​တို့​သည် တံငါသည်​များ​ဖြစ်​၍ ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​အိုင်​အ​နီး​တွင်​လျှောက် သွား​တော်​မူ​စဉ် တံ​ငါ​သည်​ညီ​အစ်​ကို​နှစ်​ယောက်​ကို မြင်​တော်​မူ​၏။ သူ​တို့​ကား​ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့် သူ​၏​ညီ​အနြေ္ဒ-တို့​ပင်​ဖြစ်​၏။ သူ​တို့​သည်​အိုင်​ထဲ တွင်​ကွန်​ပစ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 4:18
23 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။


ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။


အိုင်​နား​မှာ တံ​ငါ​တို့​သည်​ရပ်၍၊ အင်္ဂေ​ဒိ​ရွာ​မှ​စ၍ ဧ​နေ​ဂ​လိမ်​ရွာ​တိုင်​အောင် ပိုက်​ကွန်​ဖြန့်​ချ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါး​အ​မျိုး​မျိုး​တို့​သည် မ​ဟာ​ပင်​လယ်​ငါး​ကဲ့​သို့ အ​လွန်​များ​ပြား​ကြ​လိမ့်​မည်။


အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊


တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​နြေ္ဒ၊-


ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ၍ ဂါ​လိ​လဲ​အိုင်​နား​သို့ ရောက်​တော်​မူ​လျှင် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ၏။-


ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-


ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊


တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။-


ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​နြေ္ဒ၊ ယာ​ကုပ်​နှင့် ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊-


တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊-


ထို​နောက်​မှ ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​တည်း​ဟူ​သော ဂါ​လိ​လဲ​အိုင်​ကို ကူး​တော်​မူ၏။-


ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​နြေ္ဒ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊-


လွင်​ပြင်​နှင့်​တ​ကွ ယော်​ဒန်​မြစ်​နား၊ ဂင်္နေ​သ​ရက်​အ​ရပ်​မှ လွင်​ပြင်​နှင့်​ဆိုင်​သော သော​ဒုံ​အိုင်​အ​ရှေ့၊ အာ​ဇုတ်​ဝိ​သ​ဂါ​မြို့​တိုင်​အောင်၊ မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း ငါ​ပေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ