Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 2:22 - Judson Bible in Zawgyi Version

22 ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 2:22
18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။


အ​ကြောင်း​မူ​ကား၊ ထို​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​စဉ်​အ​မြဲ ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ သေ​သည်​ကာ​လ​တိုင်​အောင် ငါ​တို့​ကို ပို့​ဆောင်​တော်​မူ​လ​တ္တံ့​သ​တည်း။


အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။


သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။


ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-


ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-


ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊-


ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊-


ထို​အ​ခါ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​နား ယော​ဟန်​ထံ​သို့ ကြွ​တော်​မူ၏။


မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​ပြီး​မှ၊ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော မိ​မိ​တို့​မြို့​သို့ ပြန်​ကြ၏။-


သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-


ရှ​မွေ​လ​က၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ ရှော​လု​ကြား​လျှင် သတ်​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နွား​မ​တမ်း​ကို​ယူ၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ​လာ​ပြီ​ဟု ပြော​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ