Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 2:20 - Judson Bible in Zawgyi Version

20 သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​၍ အစ္စရေး​ပြည်​သို့​ပြန်​သွား​လော့။ အကြောင်းမူကား သူငယ်​တော်​၏​အသက်​ကို ရန်ရှာ​ခဲ့​သော​သူ​တို့​သည် သေဆုံး​ကြ​လေ​ပြီ”​ဟု မြွက်ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 2:20
8 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်​ကြောင်း​နှင့် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​သေ​ကြောင်း​ကို ဟာ​ဒဒ်​သည် အဲ​ဂု​တ္တု​ပြည်၌​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်​သို့​ပြန်​သွား​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု ဖာ​ရော​ဘု​ရင်​အား တောင်း​ပန်​လေ၏။


ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ်​မည်​ဟု အား​ထုတ်​သည်​ရှိ​သော်၊ ယေ​ရော​ဗောင်​သည် ထ၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ရှိ​ရှက်​ထံ​သို့​ပြေး​သ​ဖြင့်၊ ရှော​လ​မုန်​သေ​သည်​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌ နေ​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​သွား​လော့။ သင်၏​အ​သက်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ပြီ​ဟု မိ​ဒျန်​ပြည်၌ မော​ရှေ​အား​မိန့်​တော်​မူ၏။


ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။-


ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊-


ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ