Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 16:4 - Judson Bible in Zawgyi Version

4 ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ထို​သူ​တို့​ရှိ​ရာ​မှ ထွက်၍ ကြွ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 16:4
15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။


စုန်း​မ​သား၊ မျောက်​မ​ထား​သော မိန်း​မ​သား၊ ပြည့်​တန်​ဆာ​မ​သား​တို့၊ ချဉ်း​ကပ်​ကြ​လော့။


ဧ​ဖ​ရိမ်​သည် ရုပ်​တု​တို့၌ စွဲ​ကပ်​လျက်​ရှိ၏။ သူ့​ကို​တတ်​တိုင်း​ရှိ​စေ​လော့။


သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။


အ​မိ​တ္တဲ၏​သား ယော​န​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊


ယော​န​ကို မျို​စေ​ခြင်း​ငှာ ငါး​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ယော​န​သည် ငါး၏​ဝမ်း​ထဲ​မှာ သုံး​ရက်​ပတ်​လုံး နေ​ရ၏။


ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


တ​ပည့်​တော်​တို့​သည် ကမ်း​တစ်​ဖက်​သို့ သွား​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ၏။-


ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်​ကြောင့် တောင်းသနည်း။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤလူမျိုးအားနိ​မိတ်​လ​က္ခ​ဏာ​ကို မ​ပြရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။


ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊-


ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ