Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 14:2 - Judson Bible in Zawgyi Version

2 ဤ​သူ​ကား ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု မိ​မိ​ငယ်​သား​တို့​အား ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 14:2
7 ပူးပေါင်းရင်းမြစ်များ  

ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။-


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။-


ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။-


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ပ​ရော​ဖက်​တစ်​ပါး​ပါး ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို စော်​ဘွား​ဟေ​ရုဒ်​သည် ကြား​လျှင် တွေး​တော​သော​စိတ်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​က၊ ယော​ဟန်​သည် သေ​ခြင်း​မှ​ထ​မြောက်​လေ​ပြီ​ဟု ဆို​ကြ၏။-


လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ