ရှင်မဿဲ 12:4 - Judson Bible in Zawgyi Version4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သူနှင့်သူ့အဖော်တို့သည်ဘုရားသခင်၏ ဗိမာန်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များသာ စားအပ်သောရှေ့တော်မုန့်ကိုစားဖူးသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။ |
မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏အသားကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကိုစားရကြမည်ဟု ငါ့အားမှာထားတော်မူသည်အတိုင်း၊ ထိုအသားကိုလည်းကောင်း၊ အရာ၌ခန့်ထားရာ မုန့်တောင်း၌ရှိသောမုန့်ကိုလည်းကောင်း၊ ထိုအရပ်၌ စားကြလော့။