Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 10:18 - Judson Bible in Zawgyi Version

18 ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 10:18
15 ပူးပေါင်းရင်းမြစ်များ  

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။


လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-


သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။-


ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-


သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-


ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။-


ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-


သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-


ပ​ဉ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ