Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မာ​လ​ခိ 1:1 - Judson Bible in Zawgyi Version

1 ထာ​ဝ​ရ​ဘု​ရား​သည် မာ​လ​ခိ​လက်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သို့ ပေး​လိုက်​တော်​မူ​သော ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 မာလခိ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​ဗျာဒိတ်စကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြန်​ကြား​ရန်​အ​တွက် မာ​လ​ခိ အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာ​လ​ခိ 1:1
9 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊


ဤ​လူ​မျိုး​တွင် ဆင်း​ရဲ​သား​ဖြစ်​စေ၊ ပ​ရော​ဖက်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ယောက်​က၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော် အ​ဘယ်​သို့​နည်း​ဟု သင့်​ကို​မေး​လျှင်၊ ပြန်​ပြော​ရ​မည်​မှာ၊ သင်​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​စွန့်​ပစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ဧ​လ​ကော​ရှ​ရွာ​သား နာ​ဟုံ​ခံ​ရ၍၊ နိ​နေ​ဝေ​မြို့​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊


ပ​ရော​ဖက်​ဟ​ဗ​က္ကုတ်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊


ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊


သ​တ္တ​မ​လ နှစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​၍၊


ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊


ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​သည် ဟာ​ဒ​ရက်​ပြည်​နှင့် ဒ​မာ​သက်​မြို့၌ သင့်​ရောက်​ပေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။


ယု​ဒ​အ​မျိုး​သည် သ​စ္စာ​ပျက်၏။ ဣ​သ​ရေ​လ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ရွံ့​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ကြ၏။ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော သန့်​ရှင်း​ခြင်း​တ​ရား​တော်​ကို ရှုတ်​ချ၍၊ တစ်​ပါး​အ​မျိုး​ဘု​ရား၏​သ​မီး​နှင့် လက်​ထပ်​ပါ​သည်​တ​ကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ