Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 9:54 - Judson Bible in Zawgyi Version

54 ထို​အ​ကြောင်း​ကို တ​ပည့်​တော်​ယာ​ကုပ်၊ ယော​ဟန်​တို့​သည်​မြင်​လျှင်၊ သ​ခင်၊ ဧ​လိ​ယ​ပြု​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​စေ၍ ထို​သူ​တို့​ကို လောင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

54 တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန် ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

54 ဤ​အ​ခြင်း​အ​ရာ​ကို​ကိုယ်​တော်​၏​တ​ပည့်​တော် များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​မြင် ကြ​သော​အ​ခါ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​ထို​သူ​တို့​အား​လောင် ကျွမ်း​စေ​ရန်​အ​လို​ရှိ​တော်​မူ​သ​လော'' ဟု​မေး လျှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 9:54
14 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ထို​ခွေး​သေ​ကောင်​သည် အ​ရှင်​မင်း​ကြီး​ကို ကျိန်​ဆဲ​ရ​မည်​လော။ ကျွန်​တော်​သွား၍ သူ၏​လည်​ပင်း​ကို ဖြတ်​ပါ​ရ​စေ​ဟု နား​တော်​လျှောက်​လျှင်၊


ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။


လူ​ငါး​ကျိပ်​အုပ်​သော တပ်​မှူး​ကို​စေ​လွှတ်၍၊ တပ်​မှူး​သည် တောင်​ပေါ်​မှာ​ထိုင်​သော ဧ​လိ​ယ​ထံ​သို့ ရောက်​ပြီး​လျှင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ဆင်း​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ရှိ​သည်​ဟု ဆို၏။


ငါ​နှင့်​အ​တူ​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ ငါ့​စိတ်​အား​ကြီး​ကြောင်း​ကို ကြည့်​ရှု​လော့​ဟု ဆို​သ​ဖြင့် မိ​မိ​ရ​ထား​ကို စီး​စေ၏။


ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တ​ရား​တော်​လမ်း​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ လိုက်​ခြင်း​ငှာ သ​တိ​မ​ပြု၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တို့​ကို မ​စွန့်။


သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။


မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊-


ယေ​ရှု​သည် လှည့်​ကြည့်၍၊ သင်​တို့​သည် ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ကြ၊ လူ​သား​သည်​လူ​တို့၏ အ​သက်​ကို သတ်​အံ့​သော​ငှာ ကြွ​လာ​သည်​မ​ဟုတ်။ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သည်​ဟု ဆုံး​မ​တော်​မူ​ပြီး​မှ၊-


ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။-


သား​ရဲ၏ ခေါင်း​တစ်​လုံး​သည် သေ​အောင် ကွပ်​မျက်​ပြီး​သ​ကဲ့​သို့ ဖြစ်၍၊ သေ​စေ​သော​ဒဏ်​ချက်​သည် ပျောက်​လျက်​ရှိ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သား​ရဲ​နောက်​သို့ လိုက်၍ အံ့​ဩ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ