Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 9:18 - Judson Bible in Zawgyi Version

18 တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 9:18
11 ပူးပေါင်းရင်းမြစ်များ  

စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။-


ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ ငါ​သည် ဟို​အ​ရပ်​သို့ သွား၍ ဆု​တောင်း​စဉ်​တွင် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-


တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရပ်​တွင် ဆု​တောင်း​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ သ​ခင်၊ ဆု​တောင်း​စေ​ခြင်း​ငှာ ယော​ဟန်​သည်​မိ​မိ​တ​ပည့်​တို့​အား နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား နည်း​ပေး​တော်​မူ​ပါ​ဟု လျှောက်​သော်၊-


လူ​အ​ပေါင်း​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သော​အ​ခါ၊ ယေ​ရှု​သည်​လည်း ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ၍ ဆု​တောင်း​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊-


ထို​နေ့​ရက်​ကာ​လ၌ ကိုယ်​တော်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ တောင်​ပေါ်​သို့​ကြွ၍ ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် တစ်​ည​လုံး​နေ​တော်​မူ၏။-


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။-


ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ