Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 8:53 - Judson Bible in Zawgyi Version

53 သူ​ငယ်​သေ​ကြောင်း​ကို ထို​သူ​တို့​သည်​သိ​သ​ဖြင့် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

53 သူ​တို့​သည် သူငယ်မ သေဆုံး​ပြီ​ဖြစ်ကြောင်း သိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

53 ထို​အ​ခါ​လူ​တို့​သည်​သူ​ငယ်​မ​သေ​ဆုံး​ပြီး ကြောင်း​ကို​သိ​သ​ဖြင့်​ကိုယ်​တော်​ကို​ပြောင်​လှောင် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 8:53
11 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။


ကဲ့​ရဲ့​တတ်​သော သူ​တို့​သည် ငါ့​ရှေ့​မှာ​ရှိ​ကြ​သည် မ​ဟုတ်​လော။ သူ​တို့​နှောင့်​ယှက်​သော အ​ခြင်း​အ​ရာ​တို့​ကို အ​စဉ်​ငါ​ကြည့်​မြင်​ရ​သည် မ​ဟုတ်​လော။


အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။


မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။


ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။-


ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-


လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊-


ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ သူ​ငယ်​ထ​လော့​ဟု ခေါ်​တော်​မူ​သည်​တွင်၊-


ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ