Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 7:30 - Judson Bible in Zawgyi Version

30 ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 7:30
11 ပူးပေါင်းရင်းမြစ်များ  

ငါ​သ​တိ​ပေး​ခြင်း​ရှိ​သ​မျှ​ကို သင်​တို့​သည်​ပယ်၍၊ ငါ​ဆုံး​မ​သော စ​ကား​တစ်​ခွန်း​ကို နား​မ​ခံ​ဘဲ​နေ​သော​ကြောင့်​လည်း​ကောင်း၊


ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။


သူ​တို့​အ​ဝင်​အ​ပါ​ဖြစ်​သော ကျမ်း​တတ်​တစ်​ယောက်​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊-


အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-


ယော​ဟန်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် ယုံ​သ​ဖြင့် ငါ​တို့​ကို ကျောက်​ခဲ​နှင့် ပစ်​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-


ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။-


ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။


ဣ​သ​ရေ​လ​လူ​တို့​ကို ရည်​မှတ်၍ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နား​မ​ထောင် ငြင်း​ဆန်​တတ်​သော လူ​မျိုး​သို့ တစ်​နေ​လုံး​ငါ​သည် လက်​ဝါး​ကို ဖြန့်​ရ​ပြီ​ဟု ဆို​သ​တည်း။


သင်​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ခံ​ကြ​နှင့်​ဟု ငါ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်​တို့​ကို နှိုး​ဆော်​သွေး​ဆောင်​ကြ၏။-


ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။


မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ