Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 6:6 - Judson Bible in Zawgyi Version

6 အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 အခြား​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထို​နေရာ​၌ လက်ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 အ​ခြား​သော​ဥ​ပုသ်​နေ့​တစ်​နေ့​၌​သ​ခင်​ယေ​ရှု သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင်​ညာ​လက်​သေ​သူ တစ်​ယောက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 6:6
14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဘု​ရား​သ​ခင်၏​လူ​သည် ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​သော​စ​ကား​ကို ယေ​ရော​ဗောင်​မင်း​ကြီး​သည် ကြား​လျှင်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မိ​မိ​လက်​ကို​ဆန့်၍ ထို​သူ​ကို​ဖမ်း​ဆီး​ကြ​ဟု​ဆို​လျက်၊ ဆန့်​သော​လက်​သည် သွေ့​ခြောက်၍ နောက်​တစ်​ဖန်​မ​ရုပ်​နိုင်။


သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊


ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊-


ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-


ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-


ဒု​တိ​ယ​ဧ​က​ဒက်​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို​ဆွတ်၍ လက်​နှင့် ပွတ်​နယ်​စား​ကြ၏။-


ထို​မှ​တစ်​ပါး၊ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။


ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။-


ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ