Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 6:2 - Judson Bible in Zawgyi Version

2 ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သင်​တို့​သည် အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း​ဟု ဆို​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထိုအခါ ဖာရိရှဲ​အချို့​တို့​က “သင်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဖာ​ရိ​ရှဲ​အ​ချို့​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဥ​ပုသ်​နေ့​၌​မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​ဘိ သ​နည်း'' ဟု​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 6:2
14 ပူးပေါင်းရင်းမြစ်များ  

လူ​သည် အိမ်​နီး​ချင်း​လယ်၌ မြည်း၊ နွား၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​ကို အပ်​နှံ၍၊ ထို​တိ​ရ​စ္ဆာန် သေ​သော်​လည်း​ကောင်း၊ ထိ​ခိုက်၍ နာ​သော်​လည်း​ကောင်း၊ သက်​သေ​မ​ရှိ​ဘဲ သူ​တစ်​ပါး​မောင်း၍​သွား​သော်​လည်း​ကောင်း၊


ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။


ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။


သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊


ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊-


ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊-


ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည် ပြု​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊-


လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-


ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ