Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 6:10 - Judson Bible in Zawgyi Version

10 ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင့်​လက်​ကို ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လက်​ကို ဆန့်​လိုက်​သော​အ​ခါ အ​ကောင်း​ပ​က​တိ​ဖြစ် လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 6:10
7 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။


နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။


ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-


ထို​သူ​များ​တို့​သည် ဒေါ​သ​စိတ်​နှင့်​ယစ်​မူး၍ ယေ​ရှု​အား အ​ဘယ်​သို့​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ကြ၏။


ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိတ်​သတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊-


ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ