Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 3:18 - Judson Bible in Zawgyi Version

18 အ​ခြား​သော​စ​ကား​များ​နှင့် ဆုံး​မ​သွေး​ဆောင်၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုသို့ ယောဟန်​သည် အခြား​သော​အကြောင်းအရာ​အမျိုးမျိုး​တို့​ဖြင့် တိုက်တွန်း​နှိုးဆော်​ကာ လူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 3:18
9 ပူးပေါင်းရင်းမြစ်များ  

လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။-


ထို​နောက် စော်​ဘွား​ဟေ​ရုဒ်​သည် မိ​မိ​ညီ၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​မှ​စ၍၊ မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ယော​ဟန်​သည် ဖော်​ပြ​ဆုံး​မ​သော​ကြောင့်၊-


ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။-


နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-


ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။


ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။


ထို​အ​ရပ်​များ​ကို​လျှောက်​သွား၍ တ​ပည့်​တော်​တို့​ကို စ​ကား​များ​နှင့် ဆုံး​မ​ပြီး​မှ ဟေ​လ​သ​ပြည်​သို့ ရောက်​လာ၏။-


နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ