Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 23:3 - Judson Bible in Zawgyi Version

3 ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု ပြန်ဖြေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 23:3
14 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကောင်း​ချီး​စ​ကား​ကို ပြော​ကြ၏။-


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။


ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။


အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-


ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊-


ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။-


ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ