ရှင်လုကာခရစ်ဝင် 23:2 - Judson Bible in Zawgyi Version2 ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 “ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။ အခန်းကိုကြည့်ပါ။ |
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊