Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 21:7 - Judson Bible in Zawgyi Version

7 သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သူ​တို့​က​လည်း “ဆရာ၊ သို့ဖြစ်လျှင် ထို​အခြင်းအရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​လာ​မည်နည်း။ ၎င်း​တို့​ဖြစ်ပျက်​လာ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ပေါ်ထွန်း​လာ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 21:7
13 ပူးပေါင်းရင်းမြစ်များ  

တစ်​ပါး​က​လည်း၊ အံ့​ဖွယ်​သော ဤ​အ​မူ​အ​ရာ​တို့​သည် မ​ကုန်​စင်​မီ အ​ဘယ်​မျှ​လောက် ကြာ​လိမ့်​မည်​နည်း​ဟု ပိတ်​ချော​ကို​ဝတ်​လျက်၊ မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​ကို မေး​မြန်း၏။


ထို​စ​ကား​ကို ငါ​ကြား၍ နား​မ​လည်​သော​ကြောင့်၊ သ​ခင်​ဘု​ရား၊ ဤ​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​သို့ ကုန်​စင်​ပါ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊


ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-


ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-


ကိုယ်​တော်​က၊ ဤ​အ​ရာ​များ​ကို သင်​တို့​သည် ယ​ခု​မြင်​ရ​ကြ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ