ရှင်လုကာခရစ်ဝင် 2:4 - Judson Bible in Zawgyi Version4-5 ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4-5 ယောသပ်သည်လည်း ဒါဝိဒ်အမျိုး၊ ဒါဝိဒ်၏အဆက်အနွယ်ဖြစ်သောကြောင့် မိမိနှင့်စေ့စပ်ထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသောမာရိနှင့်အတူ သန်းခေါင်စာရင်းဝင်ရန် ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဗက်လင်မြို့ဟုခေါ်သော ယုဒနယ်ရှိ ဒါဝိဒ်မြို့သို့သွားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4-5 ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။- အခန်းကိုကြည့်ပါ။ |
တံခါးဝ၌ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်း ရှိပါစေသော။
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။