ရှင်လုကာခရစ်ဝင် 18:13 - Judson Bible in Zawgyi Version13 အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။-