Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 18:10 - Judson Bible in Zawgyi Version

10 လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 “လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 18:10
13 ပူးပေါင်းရင်းမြစ်များ  

စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊


ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။


သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။


ဟေ​ဇ​ကိ​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​နာ​ကို​ပျောက်​စေ၍ သုံး​ရက်​လွန်​လျှင် ငါ​သည် ဗိ​မာန်​တော်​သို့ တက်​လိမ့်​မည်​ဆို​သော်၊ အ​ဘယ်​လ​က္ခ​ဏာ​သက်​သေ​ရှိ​သ​နည်း​ဟု မေး​လျှင်၊


ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-


ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-


အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။-


ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊-


ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ