Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 17:7 - Judson Bible in Zawgyi Version

7 အ​စေ​အ​ပါ​သည် လယ်​ထွန်​သော်​လည်း​ကောင်း၊ သိုး၊ နွား ကျောင်း​သော်​လည်း​ကောင်း၊ လယ်​ပြင်​မှ​လာ၍ အိမ်​သို့​ဝင်​သော​အ​ခါ၊ ထို​အ​စေ​အ​ပါ​ကို၊ အ​သော့​လာ၍ စား​ပွဲ၌ လျောင်း​လော့​ဟု သင်​တို့​တွင် အ​ဘယ်​သူ​ပြော​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သင်​တို့​တွင် လယ်လုပ်​သော​အစေအပါး​၊ သို့မဟုတ် သိုး​ကို​ထိန်းကျောင်း​သော​အစေအပါး​ရှိ​၍ ထို​အစေအပါး​သည် လယ်​မှ​ပြန်လာ​သောအခါ ‘အလျင်အမြန်​လာ​ပြီး ထိုင် ၍​စား​လော့’​ဟု ဆို​မည့်​သူ​ရှိ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 17:7
6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။-


သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။-


ပ​ရိ​သတ်​တို့​ကို​လည်း၊ မိ​မိ​မြည်း၊ နွား​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင် ချက်​ချင်း​မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-


နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ လူ​သား​လက်​ထက်၌ ဖြစ်​လိမ့်​မည်။-


သ​ခင်​ဘု​ရား​က၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင် ထို​သ​ဖန်း​ပင်​ကို၊ အ​ချင်း​အ​ပင်၊ သင်​သည် အ​မြစ်​နှင့်​တ​ကွ​နုတ်၍ ပင်​လယ်၌ စိုက်​လျက်​နေ​လော့​ဟု ဆို​ကြ​သော် သင်​တို့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။


ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ